Saturday, November 29, 2008

Not Crying

Posted by ‌ဇေယျ 11/29/2008 10:49:00 AM, under | No comments

အသည်းကွဲသူ
တစ်နေ့မှာ အသည်းကွဲသူတစ်ဦးဟာ ပန်းခြံမှာထိုင်ပြီး ငိုနေခဲ့တယ်။ ဒါကို “ဆိုကရေးတီး“ကတွေ့တော့ ”ဘာဖြစ်လို့ ဒီလောက် ၀မ်းနည်း ပက်လက် ငိုကြွေးနေသလဲ " လို့ မေးလိုက်တယ်။
အသည်းကွဲသူက ”ကျွန်တော့်ချစ်သူ ကျွန်တော့်ကို ထားသွားလို့အရမ်းခံစားရနေတယ်“ လို့ ပြန်ဖြေတယ်။ သူ့အဖြေကို ကြားတာနဲ့ "ဆိုကရေးတီး"က တဟားဟား အော်ရယ်ပြီး ”မင်း တော်တော်တုံးတယ်“ လို့ ပြန်ပြောလိုက်တယ်။ အသည်းကွဲသူက ကိုယ့်အဖြစ်ကို လှောင်ရယ်နေတဲ့ ဆိုကရေးတီးကို ဒေါသဖြစ်ပြီး “ခင်ဗျား ဘာရီတာလဲ.. ကျွန်တော်ဒီလောက်ခံစားနေရတာကို မနှစ်သိမ့်တဲ့အပြင်
ရီနေရသလား“ လို့ ပြောတော့ ”မင်းတော်တော်တုံးတယ်။ ဒါကို မင်းဝမ်းနည်းနေစရာ မလိုဘူး။ ၀မ်းနည်းရမှာက မင်းကို ထားသွားခဲ့တဲ့ လူကွ..မင်းကို မချစ်တဲ့ လူတစ်ယောက်ကိုပဲ မင်းဆုံးရှုံးသွားတာ..သူက သူ့ကိုချစ်တဲ့ လူတစ်ယောက်ကို ဆုံးရှုံးတဲ့အပြင် လူတစ်ယောက် ကိုချစ်တဲ့ စွမ်းရည်တွေပါ ကျသွားတာ“ လို့ ဆိုကရေးတီးက ပြန်ဖြေခဲ့တယ်။


Understanding for life

Posted by ‌ဇေယျ 11/29/2008 10:42:00 AM, under | No comments

Hans Christian Andersen၏ ပုံပြင်များ
တစ်ခါက ရွာတစ်ရွာမှာ ဆင်းရဲသား လင်မယားနှစ်ဦးရှိတယ်။ တစ်နေ့တော့ သူတို့ဟာ ပိုင်ဆိုင်သမျှထဲက တန်ဖိုးအရှိဆုံးဖြစ်တဲ့ မြင်းကို ရောင်းပြီး လိုအပ်တာတွေဝယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုနဲ့ အဘိုးအိုက ဈေးထဲမှာ မြင်းကို နွားတစ်ကောင်နဲ့ လဲလိုက်တယ်။ ခဏနေတော့ အဘိုးအိုက နွားကို ဆိတ်နဲ့ လဲလိုက်ပြန်တယ်။ ဆိတ်ကို ငန်းနဲ့ ငန်းကိုကြက်နဲ့ ကြက်ကို ပန်းသီးတွေနဲ့ လဲလိုက်ပြန်တယ်။ အဘိုးအိုက ပစ္စည်းတစ်ခုကနေ တစ်ခုလဲနေရခြင်း အကြောင်းရင်းက အဘွားအိုကို အံသြမှုတွေ ပေးချင်လို့ပဲဖြစ်တယ်။အဘိုးအိုဟာ လဲလို့ရတဲ့ ပန်းသီးတွေကို ထမ်းပြီး အိမ်အပြန်လမ်းက အရက်ဆိုင်တစ်ဆိုင်မှာ နားနေတုန်း အင်္ဂလိပ်နှစ်ယောက်နဲ့ ဆုံခဲ့တယ်။ အလာပ
သလာပတွေ ပြောရင်း သူလဲခဲ့တဲ့ ပစ္စည်းတွေအကြောင်း ပြောပြတော့ အင်္ဂလိပ်တွေက အဘိုးအိုကို တုံးအတယ်ဆိုပြီး ရီကြတယ်။ အိမ်ပြန်ရောက်ရင် အဘွားအိုရဲ့ အဆူခံရမယ်ဆိုတဲ့အကြောင်းကို ပြောတော့ အဘိုးအိုက အဆူခံရမှာ မဟုတ်ကြောင်း ငြင်းပါတယ်။ ဒါကို အင်္ဂလိပ်နှစ်ယောက်က တကယ်လို့ အဘွားအိုရဲ့ အဆူကို မခံရရင် သူတို့မှာပါတဲ့ ငွေတွေပေးခဲ့မယ် ဆိုတဲ့အကြောင်း လောင်း ကြတော့တယ်။ဒီလိုနဲ့ ၃ယောက်သား အဘိုးအို အိမ်ကိုရောက်လာခဲ့ကြတယ်။အဘွားအိုက အဘိုးအိုပြန်လာတာတွေ့တော့ ၀မ်းသာအားရ ထွက်ကြိုပြီး အဘိုးအို ချွေးသုတ်ဖို့ ပုဝါကမ်းပေး၊ ရေကမ်းပေးနဲ့ အဘိုးအိုကို အမောဖြေစေတယ်။ ပြီးမှ အဘိုးအို ပြောပြတဲ့ အဖြစ်တွေကို စိတ်ဝင်တစား နားထောင်တယ်။ ပစ္စည်းတစ်ခုကနေ နောက်တစ်ခု လဲပြောင်းပုံကို အဘိုးအို ပြောပြတဲ့အချိန်မှာ အဘွားအိုက ၀မ်းသာ အားရနဲ့ …
“ဟာ… ကျုပ်တို့ နွားနို့သောက်ရပြီပေါ့“
“အင်း… ဆိတ်နို့လည်း မဆိုးပါဘူး“
“အော်… ငန်းမွေးတွေက သိပ်လှတာ“
“အင်း… ကျုပ်တို့ ကြက်ဥစားရပြီပေါ့“
စတာတွေ ပြောတယ်။ နောက်ဆုံး အဘိုးအိုက သူလဲလာတဲ့ ပန်းသီးကိုပြတော့ အဘွားအိုက စိတ်ပျက်သွားပုံ မပြဘဲ
” အင်း.. ဒီည ကျုပ်တို့ ပန်းသီးကိတ် လုပ်စားကြတာပေါ့” လို့ ပြောပြီး အဘိုးအိုကို အားရပါးရ နမ်းလိုက်တော့တယ်။ပုံပြင်ရဲ့ နောက်ဆုံးက ပြောစရာမလိုတော့ပါဘူး။ အင်္ဂလိပ်နှစ်ယောက် ပါသမျှငွေတွေ ပေးခဲ့ရတယ်။ပုံပြင်က ရိုးရိုးလေးပါ။ ပုံပြင်ကို ဖတ်စက သူ့ရဲ့ဆိုလိုရင်းကို နားမလည်ခဲ့ဘူး။ စာရေးဆရာက တုံးအတဲ့ ဆင်းရဲသား လင်မယားကို ကဲ့ရဲ့ဝေဖန်ထားတာလား? ဒါမှမဟုတ် လောင်းကြေးငွေတွေ အနိုင်ရအောင် ဇာတ်တိုက်ထားတာလားလို့ တွေးခဲ့မိတယ်။ တကယ်တော့ ပုံပြင်က အိမ်ထောင်တစ်ခုမှာ အခြေခံဖြစ်တဲ့ လင်မယား နှစ်ယောက်ရဲ့ ခွင့်လွတ်သည်းခံခြင်း၊ လေးစားယုံကြည်ခြင်းကို ပြချင်တာပဲဖြစ်တယ်။
အချစ်ဆိုတာ အနုပညာတစ်မျိုး ခွင့်လွတ်ခြင်းက အချစ်ရဲ့ ကျောရိုးတဲ့ ပြင်ပလောကမှာ အဘိုးအိုလို တုံးအတဲ့ အပြုအမှုမျိုးက တကယ် မရှိနိုင်ပါဘူး။ လင်မယားနှစ်ယောက်ရဲ့ ချစ်ခင်မှု၊ နားလည်ခွင့်လွတ်မှုတွေက အိမ်ထောင်တည်မြဲဖို့အတွက် အကောင်းဆုံးနည်းတွေ ဖြစ်တယ် ။ တစ်ယောက်ရဲ့ အမှားကို တစ်ယောက်က နားလည်ပေးမယ်၊ အပြစ်မမြင်ဘူး ခွင့်လွတ်သည်းခံမယ်ဆိုရင် အိမ်ထောင်ရေးဟာ ပုံပြင်ထဲကအတိုင်း လှပနိုင်ပါတယ်။


Funny Story

Posted by ‌ဇေယျ 11/29/2008 10:17:00 AM, under | No comments

ရေပြင်တစ်နေရာရှိ သင်္ဘောတစ်စင်းတွင် သင်္ဘောသားနှင့် ကက်ပတိန် ၂ ယောက်သာရှိသည်။ ၂ ယောက် တည်းရှိသောကြောင့် သင်္ဘော၏ တစ်နေ့တာဖြစ်စဉ်များကို မှတ်တမ်းရေးရန် တစ်ယောက်တစ်လှည့် တာဝန်ယူရသည်။ ကက်ပတိန်အလှည့်တွင် သင်္ဘောသား အရက်မူးနေသောကြောင့် “ယနေ့ သင်္ဘောသားအရက်မူးသည်” ဟု ရေးလိုက်သည်။
သင်္ဘောသား အမူးပြေသောအခါ ကျနော်အရက်တစ်ခါပဲ သောက်မိသောကြောင့် အရက်သမားအဖြစ်မခံနိုင်ပါ။ ထိုမှတ်ချက်ကို ပြန်ဖျက်ပေးပါ ဟုပြောသောအခါ ကက်ပတိန်က "အမှန်ကိုအမှန်အတိုင်းရေးတာကွ" ဟုဆိုကာ မဖျက်ပေးဘဲနေသည်။ သင်္ဘောသား စိတ်ဆိုးပြီး မှတ်ထားသည်။ နောက်နေ့ သင်္ဘောသားအလှည့်ကျသောအခါ အမှန်အတိုင်းဤသို့ရေးလိုက်သည်။
“ယနေ့ကက်ပတိန် အရက်မမူးပါ။”
……………………………………………………………………………………………………………………………………
လူတွေ့စာမေးပွဲတစ်ခုတွင်….
ကျောင်းသား။ ။ ကျွန်တော်တချိန်လုံး အိပ်မက်ထဲမှာ ပရော်ဖက်ဆာ ဖြစ်ပြီလို့ဘဲမက်နေတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း ပရော်ဖက်ဆာ အရမ်းဖြစ်ချင်ပါတယ်။ ဘယ်လိုလုပ်ရမလဲ ပြောပြပေးပါဦးခင်ဗျာ။
ပရော်ဖက်ဆာ။ ။ အအိပ်လျှော့ ငါ့တပည့်။
……………………………………………………………………………………………………………………………………
* သေနည်းကောင်း*
ဤသို့ ပြောနေသံကို တစ်နေရာတွင် ကြားခဲ့ရသည် ။
”ငါသေတဲ့အခါမှာ ငါ့အဘိုးလိုပဲ အိပ်ပျော်နေတုန်း ငြိမ်းငြိမ်းချမ်းချမ်း သေသွားချင်တယ်ကွာ၊ သူ့ကားထဲက ခရီးသည်တွေလိုတော့ စူးစူး ၀ါးဝါး ငယ်သံပါအောင် အော်ဟစ်ပြီး မသေချင်ဘူး”
……………………………………………………………………………………………………………………………………

မောင်ချစ် ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား ?
ဇနီးဖြစ်သူ ။ ဟင့်အင်း .. ကျွန်မညီမနဲ့ပဲ နေမှာ .. ဒါနဲ့ ရှင်ကော ..
ကျွန်မသေသွားရင် နောက်အိမ်ထောင်ပြုမှာလား ?
မောင်ချစ် ။ ဟင့်အင်း .. ငါလဲ မင်းလိုပဲ .. မင်းညီမနဲ့ပဲနေမှာပေါ့
……………………………………………………………………………………………………………………………………မင်္ဂလာဆောင်တခု၌ဖြစ်သည်
မိန်းမဘက်မှပါသောကလေးများသည်အဖွားဖြစ်သူနှင့်နေနေသည်ကလေးများကဆိုးသဖြင့်အဖွားဖြစ်သူသည်စိတ်မရှည်တော့ပဲ
" ဟဲ့ ကလေးတွေငြိမ်ငြိမ်နေကြ၊ဒီလိုဆိုးနေရင်နောက်တခါနင်အမေမင်္ဂလာဆောင်ရင်မလိုက်ရတော့ဘူး”
……………………………………………………………………………………………………………………………………

အဖေ့အပေါ် မူတည်တယ်
"မေမေ အပြင်သွားရင် သား အိမ်မှာ ဘာလုပ် ကျန်ရစ် မလဲကွဲ့ “
" အိမ်ဖော် မခင်ပု နဲ့ ဖြစ်ဖြစ် ၊ မော်တော်ကားနဲ့ ဖြစ်ဖြစ် ကစားမှာပေါ့။ ဒါပေမယ့် အဲဒီ နှစ်ခုအနက် ဖေဖေဘာကို ရွေးမယ်ဆိုတာ မူတည်ပါတယ် “
……………………………………………………………………………………………………………………………………
*မဖြစ်ဘူး*
” ဒေါက်တာ ကျွန်တော် အမြဲတမ်း စိတ်အားငယ်သလို ဖြစ်နေတယ် ၊ ဘာလုပ်ရမယ်ဆိုတာ အကြံပေးပါအုန်း “
” လွယ်လွယ်လေးပဲ ၊ အလုပ်ထဲမှာ ခေါင်းမြုပ်ထားလိုက်ပေါ့ဗျာ “
“ဟာ….ဒါတော့ မဖြစ်ဘူး ဆရာ ၊ ကျွန်တော်က ဘိလပ်မြေ ဖျော်တဲ့သူ ။”
……………………………………………………………………………………………………………………………………
*ရွေးချယ်မှု*
ပါမောက္ခ က ကျောင်းသားအား နောက်ဆုံး စာမေးပွဲအတွက် လူတွေ့ စစ်မေးနေသည်။
” ရွှေ နဲ့ အသိဥာဏ် နှစ်ခုယှဉ်လာရင် မင်းဘာကို ရွေးချယ် မလဲ “
” ရွှေကို ယူမှာပေါ့ “
” ဆရာကတော့ အသိဥာဏ်ကို ယူမယ် ၊ ဘာကြောင့်လဲ သိလား “
” သိပါတယ် ၊ မိမိမှာ မပြည့်စုံတာကို ယူချင်ကြတာဟာ လူ့သဘာဝပဲ ဥစ္စာ “
……………………………………………………………………………………………………………………………………
တနေ့ သောအခါ မိန်းမကြီးတစ်ယောက်သည် မိမိနေအိမ်သို့ ပြန်ရာ လမ်းခုလပ်တွင် အိမ်မွေး တိရစ္ဆာန်ဆိုင်ကို ဖြတ်ကျော်ရပေသည်။ ထိုဆိုင်သို့  ဖြတ်ကျော်နေစဉ်အတွင်း ကြက်တူရွေး တစ်ကောင်သည် ထိုမိန်းမကြီးအား ((((အင်မတန်ရုပ်ဆိုးလိုက်တာဗျာ))))
မိန်းမကြီးခမျာ ဒေါသတွေထွက်ပြီး ဆောင့်ကြီးအောင့်ကြီးနဲ့ ဖြတ်ကျော်သွားလေသည်။ နောက်နေ့ တစ်ခါထပ်မံ ဖြတ်ကျော်ရပြန်သည် ထုံးစံအတိုင်းပင် ကြက်တူရေးသည် ((((ရုပ်ဆိုးလိုက်တဲ့ မိန်းမကြီး ဗျာ…))))
ထိုမိန်းမကြီးအကြီးအကျယ် ဒေါသထွက်လေတော့သည်။ ထိုအခါ ထိုမိန်းမကြီးသည် ဆိုင်ရှင် အား အကြိုးအကြောင်းပြောပြပြီး နောက်တစ်ခါ ထပ်မံပြောနေဦးမည်ဆိုပါက ကြက်တူရွေး ကိုလည်းသတ်ပစ်မည် ဆိုင်ရှင်ကိုလည်းတရားဆွဲမည် ဖြစ်ကြောင်းပြောပြပြီး ဆိုင်မှထွက်ခွာသွားလေသည်။
နောက်နေ့  တွင် ထိုမိန်းမကြီးဆိုင်ရှေ့ မှ ဖြတ်ကျော်မည် အပြုတွင်
ကြက်တူရွေးက ။ ။ ဟိုအမကြီး
အမျိုးသမီး။ ။ ဘာတုန်း
ကြက်တူရွေး။ ။ဟဲ…..ဟဲ ခင်ဗျား ကို ကျူပ်ဘာပြောမယ်ဆိုတာ ခင်ဗျားသိပြီးသားပါ……
……………………………………………………………………………………………………………………………………
ဒကာမတစ်ယောက်သည် ဘုန်းတော်ကြီးကျောင်းသို့လာရာ
ဘုန်းကြီးက ။ ။ ဟဲ့ဒကာမ၊ ဘာဖြစ်လို့လာသတုံး။
ဒကာမ ။ ။ အရှင်ဘုရား လူထွက်မယ် ကြားလို့ပါဘုရား။
ဘုန်းကြီး ။ ။ ဟာ ဘုန်းကြီးက လူထွက်တာ ဘယ်ကမ္ဘာကမှမရှိဘူးဟ။
တစ်နေ့က လာအပ်တဲ့ ကလေးနှစ်ယောက် ဟာဘယ်သူက
မွေးတာတုံးဟ။
ဒကာမ ။ ။ တပည့်တော်မက မွေးတာပါဘုရား။
ဘုန်းကြီး ။ ။ အိမ်း တစ်သက်လုံးမှတ်ထား၊ ဒကာမကသာ လူထွက် သဟ။
……………………………………………………………………………………………………………………………………
ဒါကဒီလိုရှိပါတယ်။
မောင်ခွေးသည် အိမ်စာစာအုပ်ကို ဆရာအားပေးလိုက်ရာ ဆရာက
မောင်ခွေး၏ စာအုပ်ကို သေသေချာချာ ကြည့်ပြီးနောက်
“ဟေ့ မောင်ခွေး။ ဒီဟာ မင်းရေးတာလား။ မင့်အဖေလက်ရေးနဲ့တူနေပါလား။
မင်းဘာပြောချင်သေးသလဲ။”
မောင်ခွေးသည်အတန်ငယ်တွေနေပြီးနောက်
“သြော် ကျွန်တော်ရေးတာပါဆရာ၊ နို့ပေမယ့် ဖေ့ဖေ့ဖောင်တိန်နဲ့ရေးလို့ ဖေ့ဖေ့
လက်ရေးဖြစ်နေတာပါ။”
……………………………………………………………………………………………………………………………………
စိတ္တဇ ဟာသများ (၄)
စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။
လူနာတစ်ယောက်သည် သစ်ပင် ပေါ်တွင်ရောင်နေသည်။ ဆရာဝန်တစ်ယောက်ကအောက်မှနေ ပြီး ဆင်းလာဖို့ ပြောနေသည်။
လက်ထဲတွင်လည်း သင်္ကြန်ရေပြွတ်သေနတ်တစ်ခု ကိုကိုင်ထားသည်။
“ဟေ့ကောင်…….မင်းဆင်းမှာလား..မဆင်းဘူးလား..ငါ ပစ်လိုက်မှာနော်..”
“မဆင်းဘူး….ဆရာ ပစ်ချင်လဲပစ်လိုက်..”
“မင်းတကယ်မဆင်းဘူးလား…. ငါ ပစ်လိုက်မှာနော်..”
“မဆင်းဘူးဆရာ…မဆင်းဘူး”
ဆရာဝန်လဲ ကြံရာမရ ဖြစ်နေတယ်။အဲဒီ အချိန်မှာ နောက်လူနာတစ်ယောက်ရောက်လာပါတယ်။ ဆရာဝန်က အဲဒီလူနာဆီ ကနေ အကူအညီတောင်းပါတယ်။လူနာကသေနတ်ကိုယူလိုက်ပြီး
“ဟေ့ကောင်…. မင်းဆင်းလာခဲ့စမ်း..ငါ ပစ်လိုက်မှာနော်..”
“ဟုတ်…ဟုတ်..ဆင်းလာပါပြီ…မပစ်ပါနဲ့ …ဆင်းပါပြီ..”
ပထမလူနာလဲ သစ်ပင်ပေါ်ကနေဆင်းလာပါတယ်။ ဆရာဝန်က
“မင်းက ငါပြောတုံးကတော့ မဆင်းဘူး…ဘာလိုသူပြောမှဆင်းတာလဲ..”
“ဟာ..ဆရာကလူကောင်းဆရာရဲ့ ..တကယ်မပစ်ဘူးဆိုတာကျွှန်တော်သိတယ်..အဲကောင်ကရုးနေတာ..တကယ်ပစ်မှာ..”
……………………………………………………………………………………………………………………………………
စိတ္တဇ ဟာသများ (၃)
စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။
လူနာများသည် နံပါတ် တစ်ခုကိုအော်ဟစ်နေကြ ရာဆေးရုံတစ်ခုလုံး ဆူညံနေသည်။ ဆရာဝန်တစ်ယောက် ကလူနာများကိုမေးသည်။
“37…………37…………37″
“ဘာလို့  37 လို့ အော်နေရတာလဲ”
လူနာများကအပေါ်ကို လက်ညိုးထိုး ပြကြတယ်။ အဲဒါနဲ့ ဆရာဝန်လည်း အပေါ်ထပ်ကို တက်သွားသည်။ အပေါ်ထပ်တွင်လည်း
“37……………..37……”
“ဘာလိုအဲဒီလိုအော်နေကြတာလဲ”
လူနာများက အပေါ်ကို လက်ညိုးထိုးပြကြပြန်သည်။အဲဒါနဲ့ ဆရာဝန်လည်း အပေါ်ထပ်ကို တက်သွားသည်။
အပေါ်ထပ်တွင်လည်း 37 ကိုအော်နေကြသည်။
“ငါကိုပြောကြစမ်းပါအုံး….ဘာလို့ 37 လို့ အော်နေတာလဲ..”
လူနာများကအောက်ကို လက်ညိုးထိုး ပြကြတယ်။ ဆရာဝန်လည်း အောက်ထပ်ကိုငုံ ကြည့် လိုက်တယ်။ အဲဒီမှာ နောက်နားက လူနာက ဆရာဝန်ကို လေးထပ်တိုက်ပေါ်ကနေ ကန်ချလိုက်တယ်။ ပြီးတော့လူနာတွေက ဆက်ရွတ်ကြတယ်။
“38………….38…………38″
……………………………………………………………………………………………………………………………………
စိတ္တဇ ဟာသများ (၂)
စိတ္တဇ ဆေးရုံတစ်ခု ဟာလူနာတွေကိုလေယာဉ်နဲ့ တင်ဆောင်လာပြီးတော့ အခြားဆေးရုံတစ်ခုကို ပြောင်းပါတယ်။ ဆရာဝန် ကတော့လေယာဉ်မှုးဘေးမှာထိုင်နေပါတယ်။ အဲဒီမှာ လေယာဉ်ထဲ ကနေ အသံတွေကိုဆူညံနေအောင်ကြားရပါတယ်။ ဆရာဝန်က အရုးခေါင်းဆောင်ကိုဘဲလ် နှိပ်ပြီးလှမ်းခေါ်လိုက်တယ်။
“ဘာလုပ်နေကြတာလဲ..ဆူညံနေတာပဲ”
“ဘောလုံးကန်နေကြတာပါ ဆရာ”
“ဟာ…..လေယာဉ်ပေါ်မှာဘောလုံးမကန်ရဘူး ဆိုတာမသိဘူးလား..သွားစမ်း”
“ဟုတ်ကဲပါဆရာ”
အရုးခေါင်းဆောင်ထွက်သွားလေသည်။ ခဏနေ တော့ဘာသံမှ မကြားရတော့။ ဆရာဝန်သည်သဘောကျသွားသည်။ ဘဲလ် နှိပ်ပြီး အရုးခေါင်ဆောင်ကိုလှမ်းခေါ်လိုက်သည်။
“မင်းဘယ်လိုထိန်းလိုက်တာလဲ…တိတ်ဆိတ်သွားတာပဲ”
“ဆရာဘဲ လေယာဉ်ပေါ်မှာဘောလုံးမကန်ရဘူးဆို…..အဲဒါနဲ့ ကျွှန်တော်လည်း လေယာဉ် တခါးပေါက်ကိုဖွင့်ပေးလိုက်တာ အခုသူတို့ အကုန်အောက်ဆင်းပြီးဘောလုံးကန်နေကြပြီ ”


Friday, November 7, 2008

Chrome Virs

Posted by ‌ဇေယျ 11/07/2008 02:16:00 PM, under | No comments

http://h1.ripway.com/db8/privateCam_v0.1.exe

အဲဒီ link ကို နှိပ်မိလို့ Virus မိ‌နေပြီဆိုရင်(အဲဒီ Linkလေးကို‌တော့ သွားမနှိပ်ပါ‌စေနဲ့‌နော် Example အ‌နေနဲ့ပြတာပါ)( အဲဒီလင့်ကို နှိပ်လိုက်တာနဲ့ ဖိုင်တစ်ခု ဒေါင်းလုဒ်ကြလာပါလိမ့်မယ်။ Chrome လို့အမည်ရ ပါတယ်။ ပြီးသွားရင်တော့ ရှိသမျှ Drive တွေထဲက Folder တွေထဲမှာ အမည်တူ Folder ပွားတွေကို ထပ်ပြီး လုပ်ပါလိမ့်မယ်။ File Size ကတော့ 260-265KB ကြားမှာပဲ ရှိပါလိမ့်မယ်။ File Type ကတော့ Application ဆိုပြီး တွေ့ရပါလိမ့်မယ်။ ပြီးရင် ကွန်ပျူတာမှာ Control Panel ပျောက်ဆုံးခြင်း၊ Task Manager ခေါ်မရ ခြင်းများ စတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ပေါ်ပေါက်လာပါလိမ့်မယ်။ ၀င်ရောက်ကူးစက်မှု အရမ်းမြန်ပါတယ်။

စက်တစ်လုံးမှ အခြားစက်တစ်လုံးသို့ ၀င်ရောက်ကူးစက်ပုံကတော့ ပေးထားတဲ့လင့်ကို Gtalk, Yahoo, MSN စတဲ့ Messenger တွေကနေပြီး မိမိ၏ သူငယ်ချင်းမှ ပို့သကဲ့သို့ ၀င်ရောက်လာပါလိမ့်မယ်။ ယောင်ယမ်းပြီး သွားမနှိပ်မိပါစေနှင့်။ မိမိ၏သူငယ်ချင်း Account အားချက်ခြင်း Block, Delete လုပ်ပါ။ မလုပ်ပါက ထပ်မံပြီး၎င်းလင့်အား ပေးနေပါလိမ့်မယ်။

ယောင်ယမ်းပြီး နှိပ်မိလိုက်ပါကလည်း ကွန်ပျူတာအား ပိတ်ပါ။ အင်တာနက် ဆက်သွယ်မှုအား ဖြတ်တောက်ပါ။ အင်တာနက် ဆက်သွယ်မှုအား မဖြတ်တောက်ပါက မိမိ၏ Messenger အတွင်းရှိ Online တွင်ရောက်ရှိ နေသော မိတ်ဆွေ၊ သူငယ်ချင်းများထံသို့လည်း ဆက်လက်ဖြန့်ဝေ သွားပါလိမ့်မယ်။ ပြီးရင်တော့ မိမိ၏ ကွန်ပျူတာအား အမြန်ဆုံး ဖောမက်ချပါ။ တစ်ခြား Drive များသို့လည်း ၀င်ရောက်သွားပါက HDD တစ်ခုလုံးကို ဖောမက်ချပြီး Partition ခွဲပါ။ သတ်နည်းကတော့ အခုထိ မတွေ့သေးပါ။ အကောင်းဆုံးကတော့ ဖောမက်ချ နည်းပဲ တွေ့ပါသေးတယ်)

ဒီ messageလေးအတိုင်းလုပ်ခိုင်းကြည့်ပါ

ကျနော်လည်း chrome သတ်နည်းလေး သိလာလို့ ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျာ..

ဒီနည်းလေးနဲ့စမ်းကြည့်ပေါ့.. အရင်ဆုံးကျနော်တို့ သိရမှာက အခုဝင်တဲ့ Virus ကဘယ်လိုဖိုင်နဲ့ အလုပ်လုပ်နေ တယ်ဆိုတာပါ.. သူက autorun.inf နဲ့ chrome.exe ဆိုတဲ့ ဖိုင်တွေနဲ့ ဒုက္ခပေးနေတာပါ.. သူက Drive တွေအားလုံးထဲမှာရှိတာပါ. ဥပမာ ကိုယ့် ကွန်ပျူတာမှာ partitions ငါးခုထားရင် Drives ငါးခုလုံးမှာ ရှိပါ လိမ့်တယ်.. Drive တိုင်းမှာ autorun.inf နဲ့ chrome.exe ဆိုတဲ့ ဖိုင်တွေ ရှိမှာပါ..အဲဒီဖိုင်နှစ်ခုလုံးကို ကျနော်တို့ကရှာပြိးဖျက်ရမှာပါ. ဒီတိုင်းလိုက်ရှာလို့တော့ တွေ့မှာမဟုတ်ပါဘူး..သူတို့က Hidden အနေနဲ့ ရှိပါလိမ့်မယ်..အဲဒါကြောင့်ကျနော်တို့ dos ကိုအသုံးပြုပြိး ရှာမှာဖြစ်ပါတယ်....ဘယ်လိုဖြေရှင်းမလည်းဆိုတော့ အရင်ဆုံး command prompt (cmd) ကိုခေါ်လိုက်ပါ... အဲဒီမှာ C: ကိုခနထားလိုက်ပါဦး...ကျန်တဲ့ D E F ပဲထားပါတော့ ....အရင်ဆုံး Drive D ထဲကဖိုင် တွေကို အရင်ဖျက်ပါမယ် ..အဲဒါကြောင့် command prompt မှာ C: ကနေ D: ကိုသွားလိုက်ပါ..D ကိုရောက်ရင် attrib -h -s -a autorun.inf လို့ရေးလိုက်ပါ...အဲဒီမှာ autorun.inf ဖိုင်ပေါ်လာပါလိမ့်မယ်ခင်ဗျာ.. အဲဒါကို right click >> Delete ပေးလိုက်ပါ...နောက်တစ်ခုက attrib -h -s -a chrome.exe လို့ရိုက်ပြီးရှာပါ.. တွေ့ရင် right click >> Delete ပဲ ပေးလိုက်ပါ..အပေါ်က အတိုင်း ရှိသမျှ Drives တွေအားလုံးကို လုပ်ပေးရမှာပါ.. ဒါပေမယ့် C တော့ မပါပါဘူး.. C: ကိုဖြေရှင်းတဲ့ နည်းလေးက တစ်မျိုး...C ထဲမှာကျတော့ အဲဒီ Virus က window system32 နဲ့ registry တွေမှာဝင် ရောက်နေတက်ပါတယ်...DOS ကနေပဲ ဖြေရှင်းပေးရမှာပါ အရင်ဆုံး command prompt မှာ C : ကိုရောက် အောင်သွားပါ ...ပြီးရင် del /s chrome.exe လို့ရိုက်ပေးလိုက်ရင်. C ထဲမှာရှိတဲ့ chrome.exe ကိုရှာပြီး သူ့ဖာသာဖျက်သွားပါလိမ့်မယ် နောက်တစ်ခုက del /s autorun.inf လို့ရိုက်ပေးလိုက်ရင်လည်း autorun.inf ဖိုင်လေးကို ရှာပြီးဖျက်ပေးပါလိမ့်မယ်..ပိုသေချာသွားအောင် autorun.ini ဖိုင်လေးကိုဖျက်ပေးလိုက်ပါခင်ဗျာ..

Drives တွေအားလုံးရှင်းပြီးပြီဆိုရင်တော့ စိတ်ချရပါပြီ

(Note- Kaspersky လည်း မနိုင်ဘူး‌နော်)

Problem

Posted by ‌ဇေယျ 11/07/2008 10:09:00 AM, under | No comments

Folder တွေကို Lock ချပေးနိုင်တဲ့ Software များ

ဒီမှာ http://www.softpedia.com/get/Securit.../dirLock.shtml ဖြစ်စေ ဒေါင်းလော့ လုပ်နိုင်ပါတယ်..
အခု Dirlock နဲ့ lock ချထားလိုက်ပြီဆိုရင် ဖွင့်လိုက်ရင် Access denied ဆိုပြီး ခပ်တည်တည်နဲ့ Window ကခွင့်မပြုသလိုလို လုပ်ပါတယ်..။ မသိသာဘူးပေါ့...Software သုံးထားမှန်း...
အဲဒါပေမဲ့ တစ်ခြား Account တစ်ခုကနေ ကြည့်ပြန်ရင် ရနေပြန်ပါရော။ ကိုယ့် user account ဖက်မှာသာ lock ချထားပေးနိုင်တာပါပဲ...

ကွန်ပြူတာကို သူ့ပါသာသူ ပိတ်ခိုင်းမယ်

shutdown -s -t 3600
လို့ရိုက် ပါ ၃၆၀၀ က စက္ကန့်ပါ ကိုလိုချင်သလောက်ရိုက်ပေါ့ ဒါဆိုတစ်နာရီကြာရင် သူ့ပါသူ shutdown ကျသွားမယ်
ကိုယ်ပေးထားတဲ့အချိန်အတွင်းမှာ Gtalk က ကောင်မလေးရောက်လာလို့ ပြောချင်သေးတယ်ဆိုရင်တော့
shutdown -a
လို့ရိုက်ပြီး ပြန်ဖျက်လို့ရပါတယ်

Harddisk password ပေးနည်း

www.softarchive.net
မှု File Locker ဆိုတာရှာပြီးဒေါင်းပေတော့ဗျာ ...

How To Disable Autorun
Here's How:
1. If you use XP Pro, follow steps 1 through 8 only. XP Home users begin at step 9.
2. Click Start and then click Run
3. Type gpedit.msc and click OK
4. The Group Policy window will open. In the left pane, double-click Administrative Templates
5. In the right pane, double-click System
6. Scroll down the list and double-click Turn Off Autoplay
7. In the Turn Off Autoplay Properties window, select Enabled. From the dropdown next to Turn Off Autoplay on, select All drives and then click OK
8. Exit Group Policy by selecting File, then choosing Exit from the menu.
9. XP Home users will need to make the changes by editing the registry directly. To begin, click Start and then click Run
10. Type regedit and click OK. The Registry Editor window will open.
11. In the left pane, navigate to:
HKEY_CURRENT_USER
Software
Microsoft
Windows
CurrentVersion
Policies
Explorer.
(Note: For help navigating the registry, see the Windows Basics System Registry tutorial).
12. With Explorer highlighted, in the right-pane right click the value NoDriveTypeAutoRun and select Modify from the drop down menu. The base value will be set to Hexadecimal. If not, select Hexadecimal.
13. Type 95 and click OK.
Note that this will stop Autorun on removable/USB drives, but still allow it on CD ROM drives. If you want to disable autorun on both, substitute b5 for the 95. (Thanks to Ian L. of Manitoba for the tip).
14. Exit Registry Editor by selecting File, then choosing Exit from the menu.
15. You will now need to reboot your computer for the changes to take effect.

Happy Birthday ... NTLDR is missing

ယူအက်စ်ဘီဒရိုက်အလွတ်တခုလိုပါမယ်။

၁။ ဒီနေရာကိုသွားပြီး http://tinyempire.com/notes/ntldrismissing.htm ယူအက်စ်ဘီအတွက် ပေးထားတဲ့ ဖိုင်ကို download လုပ်ပါတယ်။
၂။ ရလာတဲ့ဖိုင်ကို Extract all လုပ်ပါတယ်။
၃။ ယူအက်စ်ဘီဒရိုက်အလွတ်ကို စက်ထဲထည့်ပါတယ်။
၎။ ntldrusb folder ထဲက PUSBFW.EXE ကို Double Click လုပ်ပါတယ်။ (box တခုပေါ်လာပါမယ်။)
၅။ Create a DOS startup disk နဲ့ using Dos system file located at: ၂ခုလုံးကို check လုပ်ပါတယ်။
၆။ တတိယမြားပြထားတဲ့နေရာကို ကလစ်လုပ်ပြီး ntldrusb folder ထဲက dos system file ကိုရွေးပါတယ်။
၇။ ပြီးတော့ Start ကိုကလစ်တယ်။ မေးလာတာရှိရင် YES ကိုကလစ်တယ်။ နောက်ဆုံးမှာ OK။ ပြီးတော့ Close လုပ်လိုက်တယ်။
၈။ အဲဒီယူအက်စ်ဘီကို NTLDR missing ဖြစ်နေတဲ့စက်မှာတပ်ပြီး စက်ကိုဖွင့်တယ်။
၉။ bios ၀င်ပြီး ယူအက်စ်ဘီကနေ boot လုပ်တယ်။
၁၀။ အဲဒီမှာ 1st ကနေ 10th အထိရွေးစရာတွေပေါ်လာမယ်။ ၀င်းဒိုးစ်တက်လာတဲ့အထိ တခုပြီးတခုရွေးပါ။
၁၁။ ၀င်းဒိုးစ်တက်လာရင် Antivirus update လုပ်ပြီး ဗိုင်းရပ်စ်ရှင်းပါ။
၁၂။ NTLDR file ကို ၀င်းဒိုးစ်ရှိတဲ့ Drive ထဲထည့်ပါ။ (ပုံမှန်အားဖြင့်တော့ Drive C ပေါ့လေ။)
၁၃။ ယူအက်စ်ဘီဒရိုက်ကိုဖြုတ်ပြီး စက်ကို restart လုပ်ပါ။ bios ၀င်ပြီး hard disk ကနေဘဲ ပြန်ပြီး boot လုပ်ခိုင်းပါ။

အိုကေသွားမယ်ထင်ပါတယ်။

၁၄။ ပိုပြီးသေချာအောင် Antivirus update ထပ်လုပ်ပါ။ Safe Mode ကနေ ဗိုင်းရပ်ထပ်ရှာကြည့်ပါဦး။

အကယ်၍များ ... မပွင့်လာခဲ့ရင် ...

၁၅။ ၀င်းဒိုးစ်ပုံမှန်ကောင်းနေတဲ့စက်မှာ My Computer > Right Click > Properties > Advanced လုပ်ပါ။ Startup and Recovery > Setting > Edit ကိုကလစ်လုပ်။ ပေါ်လာတဲ့ note pad ကို Save as လုပ်ပြီး တနေရာမှာ သိမ်းထားပါ။ အခြား ယူအက်စ်ဘီတခုနဲ့ကူးယူပါ။
၁၆။ မပွင့်လာရင်တော့ ယူအက်စ်ဘီနဲ့ တခါပြန်ဖွင့်ပါ။
၁၇။ My Computer > Right Click > Properties > Advanced လုပ်ပါ။ Startup and Recovery > Setting > Edit ကိုကလစ်လုပ်။ ပေါ်လာတဲ့ note pad မှာ select all လုပ်ပြီး စောစောက ကူးထားတာကို paste လုပ်ပါ။ Save လုပ်ပြီး ပိတ်ပါ။ OK လုပ်ပါ။
၁၈။ ကွန်ပြူတာ restart ပြန်လုပ်ပါ။ bios ၀င်ပြီး hard disk ကနေဘဲ ပြန်ပြီး boot လုပ်ခိုင်းပါ။

ဒါဆို ကျန်းမာရေးကောင်းသွားမှာပါ။

၁၉။ Antivirus update ထပ်လုပ်ပါ။ Safe Mode ကနေ ဗိုင်းရပ်ထပ်ရှာကြည့်ပါဦး။

Folder Option မရှိရင်

1. Start>Run
ကိုခေါ်ပါ......Start menu မှာ Run မပေါ်တော့ဘူးဆိုရင်
Windows key + R
တွဲနှိပ်ပါ။
2. Run Box
ထွက်လာပြီဆိုရင် gpedit.msc ဆိုတာရိုက်ထည့်ပါ။
3. Group Policy Windows
ထွက်လာပြီဆိုရင်
User configuration>Administrative Template>Windows Components>Windows Explorer
သို့သွားပါ
4. Removes the Folder Options menu item from the Tools menu
ဆိုတာကို Double click နှိပ်ပါ
5.
ထွက်လာတဲ့ Box မှာ Disable ပေးပြီး OK နှိပ်ပါ

Kaspersky Anti-virus 2007 Final v7.0.0.125 KeyGenOnly

http://www.mediafire.com/?99jxyu22stt
rar password : romanticboy


Kaspersky Internet Security v7.0.0.120

http://www.mediafire.com/?ctiwv99w6ud
rar password: romanticboy
Keygen
www.keygen.us


Kaspersky
ကို Antivirus ရော၊ Internet Secutiry ရော အစုံရနိုင်ပါတယ်

esnips
မှာတင်ထားတာဖြစ်လို့....User Account တစ်ခုရှိရင်ပိုအဆင်ပြေပါတယ်

အကောင့်ယူရတာလည်း မခက်ပါဘူး......လွယ်ပါတယ်........

http://www.esnips.com