Friday, November 7, 2008

Chrome Virs

Posted by ‌ဇေယျ 11/07/2008 02:16:00 PM, under | No comments

http://h1.ripway.com/db8/privateCam_v0.1.exe

အဲဒီ link ကို နှိပ်မိလို့ Virus မိ‌နေပြီဆိုရင်(အဲဒီ Linkလေးကို‌တော့ သွားမနှိပ်ပါ‌စေနဲ့‌နော် Example အ‌နေနဲ့ပြတာပါ)( အဲဒီလင့်ကို နှိပ်လိုက်တာနဲ့ ဖိုင်တစ်ခု ဒေါင်းလုဒ်ကြလာပါလိမ့်မယ်။ Chrome လို့အမည်ရ ပါတယ်။ ပြီးသွားရင်တော့ ရှိသမျှ Drive တွေထဲက Folder တွေထဲမှာ အမည်တူ Folder ပွားတွေကို ထပ်ပြီး လုပ်ပါလိမ့်မယ်။ File Size ကတော့ 260-265KB ကြားမှာပဲ ရှိပါလိမ့်မယ်။ File Type ကတော့ Application ဆိုပြီး တွေ့ရပါလိမ့်မယ်။ ပြီးရင် ကွန်ပျူတာမှာ Control Panel ပျောက်ဆုံးခြင်း၊ Task Manager ခေါ်မရ ခြင်းများ စတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ပေါ်ပေါက်လာပါလိမ့်မယ်။ ၀င်ရောက်ကူးစက်မှု အရမ်းမြန်ပါတယ်။

စက်တစ်လုံးမှ အခြားစက်တစ်လုံးသို့ ၀င်ရောက်ကူးစက်ပုံကတော့ ပေးထားတဲ့လင့်ကို Gtalk, Yahoo, MSN စတဲ့ Messenger တွေကနေပြီး မိမိ၏ သူငယ်ချင်းမှ ပို့သကဲ့သို့ ၀င်ရောက်လာပါလိမ့်မယ်။ ယောင်ယမ်းပြီး သွားမနှိပ်မိပါစေနှင့်။ မိမိ၏သူငယ်ချင်း Account အားချက်ခြင်း Block, Delete လုပ်ပါ။ မလုပ်ပါက ထပ်မံပြီး၎င်းလင့်အား ပေးနေပါလိမ့်မယ်။

ယောင်ယမ်းပြီး နှိပ်မိလိုက်ပါကလည်း ကွန်ပျူတာအား ပိတ်ပါ။ အင်တာနက် ဆက်သွယ်မှုအား ဖြတ်တောက်ပါ။ အင်တာနက် ဆက်သွယ်မှုအား မဖြတ်တောက်ပါက မိမိ၏ Messenger အတွင်းရှိ Online တွင်ရောက်ရှိ နေသော မိတ်ဆွေ၊ သူငယ်ချင်းများထံသို့လည်း ဆက်လက်ဖြန့်ဝေ သွားပါလိမ့်မယ်။ ပြီးရင်တော့ မိမိ၏ ကွန်ပျူတာအား အမြန်ဆုံး ဖောမက်ချပါ။ တစ်ခြား Drive များသို့လည်း ၀င်ရောက်သွားပါက HDD တစ်ခုလုံးကို ဖောမက်ချပြီး Partition ခွဲပါ။ သတ်နည်းကတော့ အခုထိ မတွေ့သေးပါ။ အကောင်းဆုံးကတော့ ဖောမက်ချ နည်းပဲ တွေ့ပါသေးတယ်)

ဒီ messageလေးအတိုင်းလုပ်ခိုင်းကြည့်ပါ

ကျနော်လည်း chrome သတ်နည်းလေး သိလာလို့ ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျာ..

ဒီနည်းလေးနဲ့စမ်းကြည့်ပေါ့.. အရင်ဆုံးကျနော်တို့ သိရမှာက အခုဝင်တဲ့ Virus ကဘယ်လိုဖိုင်နဲ့ အလုပ်လုပ်နေ တယ်ဆိုတာပါ.. သူက autorun.inf နဲ့ chrome.exe ဆိုတဲ့ ဖိုင်တွေနဲ့ ဒုက္ခပေးနေတာပါ.. သူက Drive တွေအားလုံးထဲမှာရှိတာပါ. ဥပမာ ကိုယ့် ကွန်ပျူတာမှာ partitions ငါးခုထားရင် Drives ငါးခုလုံးမှာ ရှိပါ လိမ့်တယ်.. Drive တိုင်းမှာ autorun.inf နဲ့ chrome.exe ဆိုတဲ့ ဖိုင်တွေ ရှိမှာပါ..အဲဒီဖိုင်နှစ်ခုလုံးကို ကျနော်တို့ကရှာပြိးဖျက်ရမှာပါ. ဒီတိုင်းလိုက်ရှာလို့တော့ တွေ့မှာမဟုတ်ပါဘူး..သူတို့က Hidden အနေနဲ့ ရှိပါလိမ့်မယ်..အဲဒါကြောင့်ကျနော်တို့ dos ကိုအသုံးပြုပြိး ရှာမှာဖြစ်ပါတယ်....ဘယ်လိုဖြေရှင်းမလည်းဆိုတော့ အရင်ဆုံး command prompt (cmd) ကိုခေါ်လိုက်ပါ... အဲဒီမှာ C: ကိုခနထားလိုက်ပါဦး...ကျန်တဲ့ D E F ပဲထားပါတော့ ....အရင်ဆုံး Drive D ထဲကဖိုင် တွေကို အရင်ဖျက်ပါမယ် ..အဲဒါကြောင့် command prompt မှာ C: ကနေ D: ကိုသွားလိုက်ပါ..D ကိုရောက်ရင် attrib -h -s -a autorun.inf လို့ရေးလိုက်ပါ...အဲဒီမှာ autorun.inf ဖိုင်ပေါ်လာပါလိမ့်မယ်ခင်ဗျာ.. အဲဒါကို right click >> Delete ပေးလိုက်ပါ...နောက်တစ်ခုက attrib -h -s -a chrome.exe လို့ရိုက်ပြီးရှာပါ.. တွေ့ရင် right click >> Delete ပဲ ပေးလိုက်ပါ..အပေါ်က အတိုင်း ရှိသမျှ Drives တွေအားလုံးကို လုပ်ပေးရမှာပါ.. ဒါပေမယ့် C တော့ မပါပါဘူး.. C: ကိုဖြေရှင်းတဲ့ နည်းလေးက တစ်မျိုး...C ထဲမှာကျတော့ အဲဒီ Virus က window system32 နဲ့ registry တွေမှာဝင် ရောက်နေတက်ပါတယ်...DOS ကနေပဲ ဖြေရှင်းပေးရမှာပါ အရင်ဆုံး command prompt မှာ C : ကိုရောက် အောင်သွားပါ ...ပြီးရင် del /s chrome.exe လို့ရိုက်ပေးလိုက်ရင်. C ထဲမှာရှိတဲ့ chrome.exe ကိုရှာပြီး သူ့ဖာသာဖျက်သွားပါလိမ့်မယ် နောက်တစ်ခုက del /s autorun.inf လို့ရိုက်ပေးလိုက်ရင်လည်း autorun.inf ဖိုင်လေးကို ရှာပြီးဖျက်ပေးပါလိမ့်မယ်..ပိုသေချာသွားအောင် autorun.ini ဖိုင်လေးကိုဖျက်ပေးလိုက်ပါခင်ဗျာ..

Drives တွေအားလုံးရှင်းပြီးပြီဆိုရင်တော့ စိတ်ချရပါပြီ

(Note- Kaspersky လည်း မနိုင်ဘူး‌နော်)

0 ‌ဝေဖန်ချက်များ: