Sunday, December 7, 2008

Posted by ‌ဇေယျ 12/07/2008 08:55:00 AM, under | No comments

ပြတင်းပေါက် အဖွင့်မမှားနဲ့
မိန်းမငယ်လေး တစ်ယောက်ဟာ ပြတင်းပေါက်ဘောင်ကို မှီပြီး ပြတင်းပေါက်အပြင်က ခွေးတစ်ကောင်ကို လူတွေ မြေမြုပ်သင်္ဂြိုလ်နေ တာကို ကြည့်ပြီး ငိုကြွေးနေခဲ့တယ်။ ဒါကို အဘိုးကမြင်တော့ “မြေးလေး.. ပြတင်းပေါက် အဖွင့်မှားနေပြီ” ဆိုပြီး သူ့ကို တစ်ခြား ပြတင်းပေါက်တစ်ပေါက် ဖွင့်ပေးလိုက်တယ်။ အဲဒီပြတင်းပေါက် အပြင်မှာက လှပတဲ့ နှင်းဆီခင်းကြီးရှိတယ်။ မိန်းမငယ်က နှင်းဆီ ပန်းခင်းကို ကြည့်ပြီး စိတ်ရွှင်လန်းလာခဲ့တယ်။

ကျရှုံးခြင်းဘေးက ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်ပါ။ မျှော်လင့်ချက်အလင်းရောင်ကို သင်တွေ့ကောင်း တွေ့ပါလိမ့်မယ်။

0 ‌ဝေဖန်ချက်များ: